Saturday, August 15, 2020

ဓနဥပဒေသငါးရပ်

၁။ ဓနဥစ္စာဟူသည် မိမိရရှိသောဝင်ငွေ၏ ဆယ်ပုံတစ်ပုံထက် မနည်းသော ငွေကို မိမိနှင့် မိသားစု၏ အနာဂတ်အတွက် ချန်လှပ်သိမ်းဆည်း တတ်သူထံသို့သာ ဝမ်းမြောက်စွာ ရောက်ရှိလာတတ်မြဲဖြစ်သည်။

၂။ ဓနဥစ္စာဟူသည် ယင်းအား အကျိုးဖြစ်အောင် ခိုင်းစေတတ်သောသူ အတွက် ကျိုးနွံကျေနပ်စွာ အားထုတ်လုပ်ကိုင် ပေးစမြဲဖြစ်၍၊ ထိုသူ၏လက်၌ သိုးအုပ် နွားအုပ်များသဖွယ် အဆတိုးပွား များပြားလာတတ်သော သဘော ရှိပေသည်။

၃။ ဥစ္စာဟူသည် ယင်းအား ဂရုတစိုက် ရင်းနှီးမြှုပ်နှံမှုပြုသူ၊ ကျွမ်းကျင် လိမ္မာသောသူတို့၏ အကြံဉာဏ်ကို ရယူလုပ်ကိုင်သူများထံ၌သာ တွယ်ကပ်ခိုလှုံ နေ တက်ကြသည်။

၄။ ဓနဥစ္စာဟူသည် မိမိလဲမကျွမ်းကျင် ကျွမ်းကျင်သူတို့လည်း အားမပေးသော အလုပ်မျိုးတွင် ရင်းနှီးမြှုပ်နှံသော သူတို့ထံမှ လျှောကျပျောက်ကွယ် သွားတတ်စမြဲဖြစ်သည်။

၅။ ဓနဥစ္စာဟူသည် ယင်းမှလွန်ကဲလှသော အမြတ်အစွန်းမျိုးကို မျှော်မှန်း သူများ၊ လူလိမ်လူညာတို့၏ ဖြားယောင်းသွေးဆောင်မှုနောက် လိုက်ပါနားယောင်တတ်သူများ၊ အတွေ့အကြုံနည်းပါးကာ စိတ်ကူးယဉ်ယဉ်ဖြင့် မဆင်မခြင် ရင်းနှီး မြှုပ်နှံမှု ပြုသူများထံမှ ရှောင်ခွာထွက်ပြေး သွားတတ်စမြဲ ဖြစ်သည်။

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်
ဖေမြင့်


No comments:

Post a Comment